ကျောက်တံခါး ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၂-၂-၂၀၂၂) ရက်နေ့တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆)ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသော မိန့်ခွန်းကောက်နုတ်ချက်၊ ဖိုလေးလုံးသောင်းကိုကို ရေးသားထားသော "စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့"(ကဗျာ)၊ "စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့" (ဆောင်းပါး)၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ကာတွန်းနှင့်ဆောင်ပုဒ်များ စသည့် အကြောင်းအရာများပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)