ကသာ ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၆)နှစ်မြောက် ပြည်ထောင်နေ့ အထိမ်းအမှတ် ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများအလိုက် မိမိတို့ဝန်ထမ်းများဖြင့် အားကစားပွဲများ ကျင်းပပြုလုပ်မှုအခြေအနေနှင့် အဆိုပါ ဆောင်ရွက်မှု များတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပေါင်းစပ်လုပ်ကိုင်ပေးရမည်များကို ဆွေးနွေးရန်၊ ကျောင်းသားလူငယ်များအတွက် ကာယစွမ်းရည်ဖြစ်သော အားကစားနည်းပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ဖြစ်သော စာစီစာကုံး၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများ ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးကြရန်နှင့် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပမှုတွင် လုပ်ငန်းကော်မတီ များ ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ဆွေးနွေးရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျောင်ကျော်က ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဌာနဆိုင်ရာ အချင်းချင်း ပေါင်းစပ်ဆောင်ရွက်ရမည်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ပေါင်းစပ်ဆောင်ရွက်ရမည်များကို ရှင်းလင်း တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို အကြံပြုဆွေးနွေး ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)