ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မြတ်မော်တင်စွန်းဘုရားပွဲတော် ကျင်းပနိုင်ရန်အတွက် ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်အဆင့်၊ မြို့အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ရင်ပြင်ရှိ သိမ်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အစည်းအဝေးတွင် ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးမှ ဌာနဆိုင်ရာများ၏ ခွဲဝေ တာဝန်ချထားမှုများ၊ လုပ်ဆောင်ရမည့် လုပ်ငန်းများအား ညှိနှိုင်း ဆွေးနွေးပြောကြားပြီး ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ လိုအပ်သည် များကို ဆက်လက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြပြီး မဟာမကုဋရံသီမြတ်မော်တင်စွန်း စေတီတော်ကြီး ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင် ရေးအတွက် အခမ်းအနားအစီအစဉ်များ၊ ကြိုတင်စီစဉ်ဆောင်ရွက်ထားရမည့် လုပ်ငန်းများနှင့် ဌာနဆိုင်ရာ တစ်ခုချင်း အလိုက် တာဝန်ခွဲဝေချထားမှုများ၊ လုပ်ငန်းဆောင်ရွက်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး နေ့လယ် ၁၂ နာရီ ၃၀ အချိန် တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)