လက်ပံတန်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များဖြန့်ဝေ

လက်ပံတန်း        ဖေဖော်ဝါရီ      ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံသို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ‌ကျောင်းများ အရောက်သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်းစသည့်အချက်များပါဝင်ကြောင်းနှင့် အဆိုပါသတင်းစကား လက်ကမ်းစာစောင်ကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)