တောင်ငူမြို့၌ ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကျင်းပ

တောင်ငူ ဖေဖော်ဝါရီ  ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် “ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ” ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် စာရေးဆရာကေတုမောင်ညိုလင်းက “ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။ အဆိုပါဟောပြောပွဲသို့ တောင်ငူမြို့၊ အ.ထ.က(၆)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီးပြသထားသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်နံရံကပ်စာစောင်နှင့် ဗိုလ်ချုပ်အောင်ဆန်းစည်းရုံးရေးခရီးစဉ် မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ်ပြပွဲအား ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်