ကရသူရိ ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေခြင်းသည် ကျောင်းသား/သူများ ကျောင်းစာများအပြင် နေ့ထူးနေ့မြတ်များ အကြောင်း အသိပညာ ဗဟုသုတရရှိရေးအတွက် ဖြန့်ဝေပေးခြင်းဖြစ်ရာ ထိုစာစောင်ထဲတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ အေးအတူ ပူအမျှ၊ စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်စသည့်တို့ စုံလင်စွာ ပါရှိကြောင်း သိရသည်။
အဆိုပါ စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ အခမဲ့ ထုတ်ဝေထားပြီး ကျောင်းသား/သူများ အသိပညာ ဗဟုသုတ ရရှိရေးအတွက် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)