ဟုမ္မလင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြုပြင်သင်တန်းဆင်းပွဲ ကျင်းပ 

ဟုမ္မလင်း ဖေဖော်ဝါရီ

ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂-၂၀၂၃၊ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြုပြင်သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ () ရက်၊ နံနက် (၁၀) နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဟန်မင်းဆွေက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများ ရရှိစေပြီး၊ မိသားစုဝင်ငွေများ တိုးပွားစေနိုင်မည်ဖြစ်ကြောင်း သင်တန်းဆင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အလှပြုပြင်သင်တန်းတွင် ထူးချွန်ဆုရရှိသူများ၊ ပညာသင်ကြားပေးသော ဆရာမဒေါ်နန်းမိုးလွင်အား ဂုဏ်ပြုဆုငွေများချီးမြှင့် ခြင်းနှင့် သင်တန်းဆင်းဂုဏ်ပြုမှတ်လွာများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဟန်မင်းဆွေနှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ သင်တန်းဆင်းသူများနှင့် စုပေါင်းအမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အလှပြုပြင်သင်တန်းကို သင်တန်းသူ (၁၉)ဦးတက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ ဇန်နဝါရီလ (၂၅)ရက်နေ့မှ ဖေဖော်ဝါရီလ()ရက်နေ့ အထိတက်ရောက်သင်ကြားခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဟန်မင်းဆွေနှင့်ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)