မင်းလှ ဖေဖေါ်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ်ကင်းဝေးစေရေး အတွက် အမှတ်(၃)ရပ်ကွက်၊ လမ်းမတော်လမ်း(ဘယ်ဘက်ခြမ်း) အရှည် ၈၃၀ ပေ၊ အကျယ် ၂ ပေ၊ အနက် ၂ ပေ ၆ လက်မရှိ ရေဆိုးထုတ်အုတ်စီရေမြောင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းမှာ ရာခိုင်နှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံးမှသိရသည်။
အဆိုပါ အုတ်ရေမြောင်းမှာ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၇.၅) ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးသီဟဖြိုးကျော်က အနီးကပ်ကြီးကြပ်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း၊ ရေဆိုးထုတ်အုတ်ရေမြောင်း တူးဖော်ဆောင်ရွက်ပြီးစီး၍ မိုးတွင်းကာလ မြို့တွင်းရေစီးရေလာ ကောင်းမွန်စေမည့်အပြင် လူနေအိမ်များအတွင်း ရေကြီးရေလျှံမှုများ ကင်းဝေးစေမည်ဖြစ်ကာ ရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများလည်း လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။
ပေါက်စ (မင်းလှ)