ပခုက္ကူမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပခုက္ကူ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ(လူငယ်၊လူရွယ်)များအနေဖြင့် ပြည်ထောင်စုနေ့ သမိုင်းအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာခြင်းဖြင့် ပိုမိုတန်ဖိုးထား လေးစားမြတ်နိုးခြင်း၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်ထောင် စုစိတ်ဓာတ် ထာဝစဉ်တည်တံ့ ခြင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများထံ သွားရောက်ဖြန့်ဝေကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်နှင့်ဝန်ထမ်းများ၊ ပခုက္ကူမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဗိုလ်ချုပ် အောင်ဆန်းပြောကြားသောမိန့်ခွန်းမှကောက်နုတ်ချက်၊ ၁၂-၂-၂၀၂၂ ရက်နေ့(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့်မိန့်ခွန်းမှကောက် နုတ်ချက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ဆောင်ပုဒ်၊ ကဗျာနှင့်ဆောင်းပါးများ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၏အဓိပ္ပာယ် စသည့်အကြောင်း အရာများပါဝင်သော (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကို ကျောင်သား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)