မင်းလှမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

အထက်မင်းလှ ဖေဖော်ဝါရီ  ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြိုပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲအားကျင်းပခဲ့ရာ မြောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းမှ Grade-4 ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ပြိုင်ပွဲအသီးသီးတွင်ဆုရရှိသည့်  ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)