မုံးကိုး ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့် နည်းလမ်းများကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
အဆိုပါ နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရယ် ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မီးကိုသတိရှိစေရန်၊ နွေအကူးပြောင်လဲသောကြောင့် လေများတိုက်ခက်ချိန်တွင် အမှိုက်မီးမရှို့ရန်၊ စျေးဆိုင်ခန်းတွင်း မီးသတ်ဆေးဘူးထားရန်၊ မိမိအိမ်၌ ဖယောင်းတိုင်များ ထင်းမီးများကို အသုံးပြုသောအခါတွင်လည်း သတိရှိရှိနေရန်၊ စျေးအတွင်းနှင့် ရက်ကွက်များတွင် ပျက်စီးနေသော လျှပ်စစ်မီးကို အသုံးမပြုရန်၊ မီးလောင်းနေသည်ကို သိရှိသည်နှင့် မီးသတ်ရုံးကို အကြောင်းကြားရန် မီးသတ်ဌာနက ထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန်များကို လိုက်နာကြရန်၊ မိမိတို့အိမ်တွင် မီးလောင်နိုင်ချေများစွာ ရှိနေပါက အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရန် စသည့်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
ထို့သို့ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဦးဂမ်ဆန်(လက်ထောက်မီးသတ်ဦးစီးမှူး)တို့အတူတကွ ရပ်ကွက်အတွင်းသို့ လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မေစံပယ်ဖူး (မုံးကိုး)