ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ်အကြို စာအုပ်/စာစောင်ပြပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ မြိုနယ်ဦးစီးအရာရှိ ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့ကြီးရက်ကြီး အခမ်းအနားများကို သိရှိနိုင်ရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့ကျင့်ကောင်းများပိုမိုရရှိစေရန်၊ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ကိန်းအောင်းလာစေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ် ကြောင်းနှင့် ဆုရွေးချယ်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၁၄၀) အမက(မူလွန်)လက်ပံခါးလှကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူအသီးသီးအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဇမ္ဗူသီရိ(မြို့နယ်၊ ပြန်/ဆက်)