သံဖြူဇရပ် ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၁)နာရီအချိန်က အောင်သာယာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးသီက မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကိုအမှတ်ရစေရန်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်အကြောင်းအရာများ၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းရာများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်းအဖြစ် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ပြုလုပ်ရာ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့က စိတ်ပါဝင်စားစွာ ယှဉ်ပြိုင်ခဲ့ကြသည်။ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ၊ ယဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးအကြောင်းအရာများ၊ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအကြောင်းအရာပါ ဗီနိုင်းပိုစတာများအား ဖတ်ရှုလေ့လာခဲ့ကြကြောင်းနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)