ရေဖြူ၌ အခြေခံပညာကျောင်း အသင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲ ကျင်းပ

ရေဖြူ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အခြေခံပညာကျောင်း အသင်ပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီ အချိန်၌ အ-ထ-က ရေဖြူ ကျောင်းခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့် အဖွဲ့ဝင်များက ဆုချီးမြင့်ခဲ့သည်။

ပြိုင်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမင်းအောင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အ-ထ-က ရေဖြူ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ခတ္တာ