အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတွင် ပျက်စီးနေသည့်လမ်းပိုင်းများအား ကုန်စည်စီးဆင်းမှုပြန်ဆန်ရေး ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး လမ်း၊ တံတားများတည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတွင် ပျက်စီးနေသည့်လမ်းပိုင်းများအား ကုန်စည်စီးဆင်မှုမြန်ဆန်ရေး ပြန်လည်ပြုပြင်ပေးရာ  လုပ်ငန်းများရာနှုန်းပြည့်ပြီးစီပြီ ဖြစ်ကြောင်းသိရှိရသည်။ 

ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့်သတ်အချိန်ပြီးစီးရေး မြို့နယ် လမ်းဦးစီးဌာနမှကြီးကြပ်မှုဖြင့် ရွှေယောမြေကုမ္ပဏီမှ မန္တလေးတိုင်ဒေသကြီးခွင့်ပြုရန်ပုံငွေ (၁၁၁.၈၇၈)ကျပ်သန်းဖြင့် (၇၀.၆)ကီလိုမီတာနှင့်(၇၂.၅၂)ကီလိမီတာအတွင်းရှိ (၁.၉၂)ကီလိုမီတာ အရှည် (၃.၇)မီတာအကျယ် ပျက်စီးနေသည့်လမ်းပိုင်းအား လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာခင်းခြင်းနှင့် လမ်းပုခုံးပြုပြင်ခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာသယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)