ကျောက်ဆည်မြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၉)နာရီခွဲက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင်  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စု စိတ်ဓာတ်များ ကိန်းအောင်စေရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တွေးခေါ်မှုစွမ်းရည် မြင့်မားရေး၊ စာဖတ်ရှိန်မြင့်မားပြီး ထူးချွန်ထက်မြတ်သော ကျောင်းသား လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)