ကော့ကရိတ် ဖေဖော်ဝါရီ ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူဖြစ်စေရေးရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေး(Talk Show)ကို ယနေ့နံနက်၁၁နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က အသိပညာပေး(Talk Show)ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ထွန်းထွန်းလှက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ နောက်ခံသမိုင်း၊ လုပ်ငန်းမျှော်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုသည်မှာ၊ ပြဌာန်းထားသောဥပဒေနှင့်နည်းဥပဒေများ၊စက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင် အမျိုးအစားများနှင့်မှတ်ပုံတင်ခြင်း၏အကျိုးကျေးဇူးများအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)