ပလောက်မြို့၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး  Talk Show ပြုလုပ်

ပလောက်  ဖေဖော်ဝါရီ  ၇

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) အစီအစဉ်ကို ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အတွင်း ယနေ့နံနက်၁၀နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး အစီအစဉ်တွင် မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က (၇၆)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လက်ထောက်/၃ ဒေါ်ချိုချိုဌေးက မမေ့အပ်သည့် ပြည်ထောင်စုနေ့ သမိုင်း ကြောင်းနှင့် သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) အစီအစဉ်ကို ပလောက်မြို့  We Love Palauk Page တွင် ဆက်လက်ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်