ငါ့သရောက်မြို့တွင် မကျည်းသီးများ စတင်ခူးစွတ်နေပြီးဖြစ်ရာ စျေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေ

ငါ့သရောက်၊ ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ မကျည်းသီးများ စတင်ခူးဆွတ်ချိန်တွင် စျေးကောင်းရရှိ၍ တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့တွင် မကျည်းပင်များကို မိမိတို့ အိမ်ဝိုင်းစည်းရိုးများ၊ ယာခင်းများ၏ ကန်သင်းရိုးများ၌ စိုက်ပျိုးထားကြပြီး ယခုလိုဆောင်းအကုန် နွေအကူးကာလများတွင် ခူးဆွတ်ကြကြောင်း သိရသည်။ ငါ့သရောက်မြို့တွင် မကျည်းသီးများကို ကိုယ်တိုင်ခူးဆွတ်ရောင်းချကြသလို၊ အချိုးမှာ မကျည်းပွဲးစားများက လာရောက်၍ အပင်ပြက် ဝယ်ယူလျင် ရောင်းချကြကြောင်း သိရသည်။ ယခုလို မကျည်းသီး ခူးစွတ်ချိန်တွင် မကျည်းသီး အငှားခူးစွတ်သူများနှင့် အငှားကောက်သူများမှာ ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ မကျည်သီးခူးစွတ်သူများမှာ တစ်ရက်လုပ်အားခ (၁၅၀၀၀) ကျပ်ရှိပြီး၊ အငှားကောက်သူများမှာ တရက်လုပ်အားခ ၅၀၀၀ ကျပ် ရရှိကြောင်း သိရသည်။ ယခုအခါ မကျည်းသီးစျေးမှာလဲ အလွန်ကောင်မွန်ပြီး မန်ကျည်းသီးအစေ့ပါ တစ်ပိဿာကို ၁၂၀၀ ကျပ်၊ အစေ့လွတ် တစ်ပိဿာကို ၄၀၀၀ ကျပ် အထိ ရရှိကြောင်း သိရသည်။ ငါ့သရောက်မြို့မှ ထွက်ရှိသော မကျည်းသီးများကို ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းမြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

P.W.A(ပြန်/ဆက်)