ဘားအံ ဖေဖော်ဝါရီ ၇
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသား/အမျို းသမီး ဘော်လီဘောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒုံမာလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အားကစားကိုလှုပ်ရှားဆောင် ရွက်ခြင်းဖြင့် ကိုယ်ကာယကြံခိုင်မှု ခန္ဓာကိုယ်ကိုစနစ်တကျ ထိန်းချုပ်နိုင်မှု ကိုယ်ရောစိတ်ပါကျန်းမာကြံ့ခိုင်မှုစသည့် အကျိုးတရားများကို ရရှိခံစားရမည်ဖြစ်ပြီး တရားမျှတသောယှဉ်ပြိုင်မှုဖြင့် အနိုင်ယူတတ်သည့်စိတ်၊စည်းမျဉ်း/စည်းကမ်းဥပဒေဘောင်အတွင်းမှ စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်လိုသည့်စိတ် ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်ကောင်းများကို ဖြစ်ထွန်းပေါ်ပေါက်စေမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
အဆိုပါပြိုင်ပွဲသို့ ဌာနဆိုင်ရာ ၁၀ ခုမှ အမျိုးသား/အမျိုးသမီးဘော်လီဘောအသင်း ၁၆ သင်း အား ကစားသမား ၁၆၀ ဦးက ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၁ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ရဲတပ်ဖွဲ့အမျိုးသားအသင်းနှင့် ပညာရေးအမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော်တရား သူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဘော်လီဘောအားကစားဆပ် ကော်မတီဝင်များနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြကာ အဆိုပါပွဲစဉ်တွင် ပညာရေးအမျိုးသား ဘော်လီဘောအသင်းက ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)