လောင်းလုံးမြို့နယ်၌ နို့စားနွားမွေးမြူထုတ်လုပ်ရေးသင်တန်း ကျင်းပ

လောင်းလုံး ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နို့စားနွားမွေးမြူထုတ်လုပ်ရေးသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) တွင် ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းတွင် လောင်းလုံးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါက်တာသိန်းဇော်က နို့စားနွားမွေးမြူရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ကျွေးမွေးရမည့် အစားအစာများ၊ မွေးမြူပုံ/ နည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ချေးငွေထုတ်ပေးခြင်းနှင့် ပတ်သက်၍ ချေးယူလိုပါက ဆောင်ရွက်ရမည့်အချက်အလက် အပြည့်အစုံများအား ရှင်းလင်းချပြ၍လိုအပ်သောအချက်အလက်များ ပြည့်စုံမှသာ ချေးငွေများချေးယူဆောင်ရွက်ကြ ရန်ပြောကြားသည်။

ဆက်လက်၍ သင်တန်းအား စာတွေ့/ လက်တွေ့များ သင်ကြားကာ သင်တန်းသို့ တက်ရောက် လာကြသောသူများမှ စိတ်ပါဝင်စားစွာဖြင့် သင်ယး၍ သင်တန်းအား ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)