မဟာအောင်မြေ ဖေဖော်ဝါရီ ၇
မဟာအောင်မြေမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုလျော့နည်းပပျောက်စေရန် မီးဘေးလုံခြုံရေးအတွက် လမ်းများ၊ လူစည်ကားသောနေရာများ၊ ရပ်ကွက်များရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ပိုစတာစိုက်ထူခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပိုစတာစိုက်ထူခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူးမှကြီးကြပ်၍ မဟာအောင်မြေမြို့နယ်မီးသတ်စခန်း၊ မြို့နယ်မီးသတ်စခန်းခွဲ(ဘုရားကြီးမီးသတ်)၊ အရံမီးသတ်စခန်း(၂၁)စခန်းရှိ ရပ်ကွက်များဈေးများတွင် စိုက်ထူးပေးလျက်ရှိရာ အများပြည်သူများ မီးဘေးအန္တရာယ်များနှင့်ပတ်သက်၍ အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာမီးသတ်စခန်းရှိ ဖုန်နံပါတ်များသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြာနိုင်စေရန်ရည်ရွယ်၍ စိုက်ထူဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း နေ့စဉ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးစိုးမင်းကျော်ထံမှ သိရသည်။
အောင်ဇော်မင်း