သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများဈေးကောင်းရရှိ

သံတောင်ကြီး  ဖေဖော်ဝါရီ  ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ် ကိုင်လျက်ရှိပြီး နှစ်ရှည်ခံပင်များဖြစ်သည့်ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကိုတစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီးယခုဖေဖော်ဝါရီပထမအပတ်မှစ၍ တတိယကြိမ်တောင်ပေါ်ကွမ်းရွက်ကြမ်းများကို စတင်ခူးယူလျက်ရှိသည်။ ဆောင်းအကုန်နွေအကူးယခုအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိ၍ ဆောင်းတွင်းကာလတွင် တောင်ပေါ်ကွမ်းကြမ်း (၁၀)ပိဿာလျှင် ကျပ်(၇၀၀၀)မှ ကျပ် (၈၀၀၀)ထိသာရရှိပြီး ယခု ဖေဖော်ဝါရီ ဒုတိယပတ်တွင် တောင်ပေါ်ကွမ်းကြမ်း (၁၀) ပိဿာလျှင်ကျပ်(၁၂၀၀၀)မှ ကျပ်(၅၀၀၀)ထိသာ ရရှိကာ ဈေးကောင်းရရှိကြောင်းသိရသည်။

နော်နော်မူ