ကျိုက်လတ် ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၄၇)ကြိမ်မြောက် လေးမြို့နယ် (ပရိယတ္တိနုဂ္ဂဟ) ရှင်သာမဏေ အာဂုံ၊ ရေးဖြေစာမေးပွဲကြီးကို သာသနာသက္ကရာဇ် (၂၅၆၆)ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက်၊ ယမန်နေ့မှစတင်၍ (၇)ဖြတ်လမ်းရှိ တိလောကမာရဇိန် မြတ်စွာဘုရားကြီးအတွင်း ကျင်းပလျက်ရှိသည်။
လေးမြို့နယ် ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေ အာဂုံ၊ ရေးဖြေစာမေးပွဲကို ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်နှင့် ဒေးဒရဲမြို့နယ်တို့တွင် အလှည့်ကျစနစ်ဖြင့် နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိရာ ယခုနှစ်တွင် ကျိုက်လတ်မြို့နယ်တွင် (၄၇)ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကြီးတွင် အခြေပြုမူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းတို့ ပါဝင်ပြီး ရေးဖြေသာမဏေ (၂၃၀)ပါး၊ အာ ဂုံသာမဏေ (၂၈၅)ပါး၊ စုစုပေါင်း (၅၁၅)ပါးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ပထမနေ့တွင် ဝိနယဘာသာရပ်၊ ဒုတိယနေ့တွင် သဒ်ဒါ ဘာသာရပ်၊ တတိယနေ့တွင် အဘိဓမ္မက္ထသဂ်ဟ ဘာသာရပ်နှင့် စတုတ္ထနေ့တွင် မာထိကာဓာတုကထာ ဘာသာရပ်တို့ကို ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။ ကြွရောက်တော် မူကြသည့် နာယက ဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များနှင့် စာဖြေရှင်သာမဏေ အပေါင်းတို့အား အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် အချိုရည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ယူ၍ ဆက်ကပ်လှူဒါန်းလျက် ရှိကြောင်း သိရသည်။
ရီရီမြင့်