သရက် ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက Grade-5 နှင့် Grade-9 စာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ လုံခြုံရေးဆောင်ရွက်မည့်အခြေအနေ၊ ဆင်ကော်တိုက်နယ်ဆေးရုံ မီးဘေးလုံခြုံရေးအတွက် သန့်ရှင်းရေး ဆောင် ရွက်ထားရှိမှုအခြေအနေနှင့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအတွက် အားကစားပြိုင်ပွဲများ ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြီး သက်ဆိုင်ရာဌာနများအလိုက် မိမိဌာန၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်မှု၊ သန့်ရှင်းရေးနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုတင်ပြခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များဖြည့်စွက်ရှင်းလင်းပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)