ခန္တီးမြို့ ကျက်သရေဆောင် မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် အစည်းအဝေးပြုလုပ်

ခန္တီး ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးမြို့ကျက်သရေဆောင် မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၁၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့က မြသိန်းတန်စေတီတော်၊ အာဟာရသိဒ္ဓိဆွမ်းစားဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ခြင်းဖြင့် အစည်းအဝေးအား စတင်ခဲ့ရာ ဩဝါဒစရိယဆရာတော်ဘဒ္ဒန္တ အရှင်ဉီးနန္ဒပါလထံမှ ဩဝါဒကထာ နာကြားပြီး ဆရာတော်ဘုရားထံ လျှောက်ထားတင်ပြခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ ကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း၊ အထွေထွေကိစ္စရပ်များ ဆွေးနွေးခြင်း၊ အသုံးစရိတ် လျာထားချက်များ ဆွေးနွေးခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ဆရာတော်သံဃာတာ်တို့အား       ကန်တော့ခြင်းများ ပြုလုပ်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အစည်းအဝေးအား ရပ်နားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)