မင်းလှမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မင်းလှ ဖေဖော်ဝါရီ ၆

၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ယနေ့ နံနက် ၁၀ နာရီချိန်က အ.ထ. က မင်းလှ(မြို့တွင်း) ကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်း စာစောင်ကို ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေး ဦးတည်ချက်များ၊အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် ဆောင်းပါး၊ကဗျာ၊ ဆောင်ပုဒ်၊ ကာတွန်းစသည်တို့ပါဝင်ကြောင်း သိရသည်။

ပေါက်စ(ပြန်/ ဆက်)