ကလေးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်ထောင်စုနေ့အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကလေး ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်ထောင်စုနေ့အကြို စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲကို ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ခင်းကျင်းပြသခဲ့သည်။

အဆိုပါပြပွဲတွင် စာအုပ်စာစောင်များနှင် နံရံကပ်ဘုတ်တွင် ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေး အလုပ်သမား၏ အကျိုးဆက်များ၊ ကလေးအလုပ်သမားရင်ဆိုင်ရခြင်း အလုပ်ရှင်များ၏ တုံ့ပြန်ချက်များနှင့် စိစစ်ခြင်းများ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ ဘေးဥပါဒ်အန္တရာယ်ကျရောက်နေသော ကလေးသူငယ် အလုပ်သမားများ၊ ကလေးလုပ်သားဆန့်ကျင်ရာတွင် အလုပ်ရှင်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ကလေးအလုပ်သမား အဆုံးသတ်ဖို့ ယခုပင်ဆောင်ရွက်စို့ စသည့်အကြောင်းအရာများကို ပြသခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်ပြပွဲကျင်းပရာသို့ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများသည် စိတ်ပါဝင်စားစွာဖြင့် လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)