ရှမ်းရွာသစ် ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော (Mini Museum) ပြတိုက်ငယ်သို့ အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများက ယနေ့နံနက်ပိုင်းတွင် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပြတိုက်ငယ် (Mini Museum)သို့ ကျောင်းသား/သူများ လာရောက်လေ့လာရာတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ပြတိုက်ငယ်တွင် ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသားယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများ၊ ကရင်တိုင်းရင်းသားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ ကရင်ပြည်နယ်မှထွက်ရှိသော သဘာဝတွင်းထွက်များအကြောင်း၊ ကရင်တိုင်းရင်းသားတို့၏ လယ်ယာသုံးပစ္စည်းများအကြောင်းတို့ကို ရှင်းလင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာမှတ်သားခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)