မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က(ခွဲ)လ- ၂၄ ကျောင်းတွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းဆောင်ရွက်

ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က(ခွဲ)လ- ၂၄ ကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့်အလေ့အထရှင်သန်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုတန်ဖိုးရှိစွာအသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများသိရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မိုဘိုင်းစနစ်ကိုအသုံးပြု၍ စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင် ကပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဋ္ဌေးဋ္ဌေးတင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သုတ/ရသစာအုပ်(၃၈၅)အုပ် ငှားရမ်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)