ဘုတ်ပြင်း ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင်(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ သုခကာရီမွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက သတ်မှတ်ထားသည့်နေရာများတွင် အသီးသီးနေရာယူကြပြီး မွန်အမျိုးသားအလံတော်အားလွှင့်ထူခြင်း၊ မွန်အမျိုးသားအလံတော်အား အလေးပြုခြင်းနှင့် မွန်အမျိုးသားသီချင်းအား စုပေါင်းသီဆိုခဲ့ကြသည်။ မွန်အမျိုးသားအခမ်းအနား(ဗဟို) သဘာပတိမိန့်ခွန်းကို သုခကာမွန်ကျောင်းမှ ဥူးဝဏ္ဏမှ မွန်ဘာသာဖြစ်လည်းကောင်း၊ ဦးထွန်းအောင်မိုးက မြန်မာဘာသာဖြစ်လည်းကောင်း ဖတ်ကြားသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှပေးပို့သည့် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာကို မိဇဝ်ပ္ကဲက ဖတ်ကြားသည်။ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ မိန့်ခွန်းကို ဦးမင်းအောင်ကဖတ်ကြားသည်။ ယင်းနောက် မွန်စာပေနှင့်ယဉ်ကျေးမှုစာတမ်းကို မြန်မာဘာသာဖြင့် မိဆာန်န်လောန် ဖတ်ကြားခဲ့သည်။
အခမ်းအနားသို့ သုခကာရီမွန်ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မွန်တိုင်းရင်းသားများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲအဖြစ် အား ကစားပြိုင်ပွဲများကျင်းပ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)