အစိုးရနည်းပညာ အထက်တန်းကျောင်း(ခန္တီး)တွင် ပဥ္စမအကြိမ် အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်

ခန္တီး ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့နံနက် (၉)နာရီအချိန်က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက် မှုအထက်တန်းကျောင်း(ခန္တီး)တွင် ပဥ္စမအကြိမ်အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တတိယနှစ်စာမေးပွဲတွင် ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီးသော ကျောင်းသူ/သားများအား AGTI ဒီပလိုမာ အောင်လက်မှတ်ချီးမြှင့်ရန် အတွက် သဟာရအခန်းတွင်ပြဌာန်းပြီး စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များက သတ်မှတ်နေရာတွင် နေရာယူကြကာ နိုင်ငံတော်အလံအား အလေးပြုပြီးနောက် ကျောင်းအုပ်ကြီး ဒေါက်တာဥမ္မာဝင်းက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တတိယနှစ်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူလေးများအား အောက်လက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် အပ်နှင်းပြီးသော AGTI ဒီပလိုမာ အောင်လက်မှတ်ရရှိသူများကို အစိုးရနည်းပညာ အထက်တန်းကျောင်း(ခန္တီး)၊ ကျောင်းအုပ်ကြီးက လက်မှတ်ရေးထိုး၍ အောင်လက်မှတ်ပေးအပ်ပွဲ မိန့်ခွန်းမြွက်ကြားကာ အခမ်းအနားပြီးမြောက်ကြောင်း ကြေညာခဲ့သည်။

အဆိုပါအောင်လက်မှတ်ပေးအပ်ပွဲသို့ တက်ရောက်ယူသူ(၆)ဦး၊ အဝေးရောက်ယူသူ(၆)ဦး စုစုပေါင်း (၁၂)ဦးဖြစ်ပြီး အခမ်းအနားသို့ သက်ဆိုင်ရာ ဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)