တံတားဦးမြိုတွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများဆောင်ရွက်

တံတားဦး ဖေဖော်ဝါရီ ၆

တံတားဦးခရိုင် တံတားဦးမြို့နတွင် ပြည်သူများ ယာဉ်အန္တရာယ်ကာကွယ်နိုင်ရန်၊ ယာဉ်စည်းကမ်းလမ်းစည်းများ ပိုမိုသိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်က တံတားဦးမြို့လမ်းမတော်လမ်း သမိုင်းဝင်ဆေးအိုးဖိုဘုရားရားအနီး၌ဆောင်ရွက်ကြကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်ရာတွင် ယာဉ်မောင်းပြည်သူများ၊ မော်တော်ဆိုင်ကယ်စီးနင်းတိုင်း ဆိုင်ကယ်ဦးထုပ်ဆောင်းကြရန်၊ ဆိုင်ကယ်ဦးထုပ်မေးသိုင်းကြိုးများ စနစ်တကျတပ်ဆင်ကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအသုံးပြုရာတွင် ပေါ့ဆစွာအသုံးပြုခြင်းကြောင့် စက္ကန့်ပိုင်းအတွင်း ဆုံးရှုံးသွားသော အသက်အန္တရာယ်များ၊ မော်တော်ကားမောင်းနှင်ကြသူများအနေဖြင့် ခါးပတ်ပတ်ပြီးမှသာမောင်းနှင်ကြရန်၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ခြင်းမပြုကြရန်နှင့် ယာဉ်လိုင်စင်သက်တမ်းကျော်လွန်ခြင်းများမရှိစေရေး၊ ညအချိန်တွင် မီးဖွင့်မောင်းသွားလာကြရန်၊ လမ်းအသုံးပြုခြင်းနှင့်ပတ်သက်၍ လိုက်နာသင့်သည့်အချက်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ရဲအုပ်မင်းအောင်ထံမှ သိရသည်။

ရဲတင့်