မောင်တော ဖေဖော်ဝါရီ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ခရိုင်/မြို့နယ် ဌာနများအလိုက် ပြိုင်ပွဲဝင်အသင်းများ၏ တပျော်တစ်ပါး ထမနဲထိုး ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။ အဆိုပါ ပထမအကြိမ်မြောက် မြန့်မာရိုးရာ ထမနဲထိုးပြိုင်ပွဲကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အသင်း(၁၀)သင်းမှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသည့် အဖွဲ့များအား ပထမဆု ငွေကျပ် ၃ သိန်း၊ ဒုတိယဆု ငွေကျပ် ၂ သိန်း၊ တတိယဆု ငွေကျပ် ၁ သိန်း၊ နှစ်သိမ့်ဆု ငွေကျပ် ၅ သောင်း ကျပ်တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)