ပေါင်းတည် ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက သရက်တောအခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးဆင့်က ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတဖွံဖြိုးတိုးတက်ရေးအတွက် စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူများ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကို စာပေအကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံဦးနိုင်ဝင်းသိန်းက ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဝယ်ယူစားသောက်တတ်သောအလေ့အကျင့်ကောင်းများ ရရှိစေရန်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းရီက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက ပြသထားသော စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအသိပညာပေးနှင့်ကျန်းမာရေးနံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)