ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းတွင် (၇၆)မြောက်ပြည်ထောင်စုနေ့အကြိုဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးပညာပေးဟောပြောပွဲကျင်းပ

ချောင်းဆုံ   ဖေဖော်ဝါရီ   ၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက်​(၉)နာရီခွဲအချိန်က ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာအခြေခံပညာမူလတန်း(လွန်)ကျောင်း၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဟောပြောပွဲ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြော​ကြား​ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (စာထောက် ၃) ဦးကျော်ကျော်အောင်က ကျောင်းသူ၊ ကျောင်းသားများ​အား​ ပြည်ထောင်စုနေ့​ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးပြီး ပြန်/ဆက်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှု​စေကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်​ပေးခဲ့​ပြီးစာ​ရေးကိရိယာများကို လက်​ဆောင်အ​ဖြင့်​ပြန်လည်ပေးအပ်ခဲ့ကြသည်။

အဆိုပါ  အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာစောင်များနှင့်​ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့်ဓာတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း စသည့် အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးကျော် စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)