မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေးဆက်လက်ထိုးနှံ​ပေး

မရမ်းကုန်း​ဖေ​ဖော်ဝါရီ  ၃

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကို​ဗစ်-၁၉ ရောဂါကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယနေ့နံနက် နာရီက မြို့နယ်ကျန်းမာ​ရေးဦးစီးဌာန၌ ပြည်သူ(၉၄)ဦးအား ကိုဗစ်-၁၉ ​ရောဂါကာကွယ်ဆေး ထိုးနှံ​ပေးခဲ့​သည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးလာပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့်  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)