ပေါက်ခေါင်းမြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ပေါက်ခေါင်း        ဖေဖော်ဝါရီ        ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်/ဆက်ဦးစီးဌာနဝန်ထမ်းများ၊ စာပေချစ်သူများအဖွဲ့(Book Club)အဖွဲ့ဝင်များနှင့် စာပေချစ်သူလူငယ်များ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာပေဗဟုသုတများကိုတစ်ဦးနှင့်တစ်ဦးအပြန်အလှန်ပြောကြားခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးကို ပိုမိုသိရှိလာမှာဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်မှုနဲ့ စီမံခြင်း” စာအုပ်မှ လူငယ်နှင့်အနာဂတ်စီမံကိန်း၊ စိတ်ကောင်းထားရှိအမှန်ကြီးပွား၏  ခေါင်းစဉ်ခွဲများကို ဖတ်ကြားခဲ့ရာ တက်ရောက်လာသူများက တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)အဖွဲ့ဝင်များနှင့် စာပေချစ်သူလူငယ်များတက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)