ရွှေဘို ဖေဖော်ဝါရီ ၃
ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသားမောင်မယ်လူငယ်များ အနေဖြင့် ကျောင်းနေပျော်၍ စာတော်သော လူငယ်လေးများဖြစ်အောင် ပညာရေးသာမက ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်ပြီး ပူးပေါင်းပါဝင် သည့် အလေ့အထကောင်းရရှိစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာစေရန်၊ ဉာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ် အားကစားသမားများပေါ်ထွက်စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲများတွင် ပူးပေါင်းဆောင်ရွက်ပေးကြသည့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရူပဗေဒအသင်း ဒုတိယဆု ရရှိသည့် ညွန့်ပေါင်းအသင်း၊ တတိရဆုရရှိသည့် ညွန့်ပေါင်း(၁) အသင်းများအား ရွှေဘို တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ တင်တင်ရီ၊ ဌာနမှူး(ပါမောက္ခ)များ၊ သင်ကြားရေး ဆရာ/ဆရာမများက ဂုဏ်ပြုဆုငွေ၊ ဆုဆွဲပြား၊ ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်