မိုးညို ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၊ နဒီဧရာလမ်းရှိ တောင်သူဦးတင်ထွန်း၏ အိမ်ခြံမြေအတွင်း တရုတ်ကန်စွန်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
ကန်စွန်းစိုက်ပျိုးရာတွင် အလျား ၈၀ ပေ၊ အနံ ၆၀ ပေရှိတဲ့ ခြံမြေကွက်လပ်မှာ အကျယ် ၃ ပေရှိတဲ့မြောင်းဘောင်များပြုလုပ်ပါတယ်၊ မြောင်းဘောင်ကို အပင်ပွားနူန်း/အပင်သန်နူန်းကောင်းစေရန် ပေါင်း၊ မြက်များသန့်စင်အောင်ပြုလုပ်၍ သဘာဝမြေဩဇာ(သစ်ရွက်ဆွေး)နှင့် မြေကိုအချိုးကျရောစပ်ပြီးနောက် တရုတ်ကန်စွန်း( မျိုးစေ့အထုပ်)အစေ့ကို ၃ ပေအကျယ်ရှိတဲ့မြောင်းဘောင်မှာ တစ်ကျင်းကိုအစေ့ ၄ စေ့ဖြင့် ၄ / ၅ ကျင်းစိုက်ပျိုးပါတယ်၊ စိုက်ပျိုးပြီးရက် ၃၀ တွင် ကန်စွန်းညွန့်များကို ခူးဆွတ်ရောင်းချပါတယ်၊ ရောင်းချရာတွင်တော့ ကန်စွန်းညွန့် ၁၂ ညွန့်ပါတစ်စည်းကို ဒေသပေါက်ဈေး ၁၀၀ ကျပ်ဖြင့် ဖောက်သည်ပေးရပြီး အညွန့်ပွားချိန်တွင် တစ်ခါခူးလျှင်အစည်း ၂၀၀ မှ ၂၅၀ ခန့်ရရှိကြောင်း၊ ကန်စွန်းညွန့်သည်ခူးဆွတ်လေ အညွန့်များပွားများလေဖြစ်သည့်အတွက် အချိန်ကြာကြာခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မြေကွက်လပ်အနည်းငယ်ရှိရုံဖြင့် စိုက်ပျိုးနိုင်သည့်အတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း ကန်စွန်းစိုက်ပျိုးသူထံမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)