ပန်းတနော်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗီနိုင်းပိုစတာစိုက်ထူး

ပန်းတနော် ဖေဖော်ဝါရီ ၃

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဗီနိုင်းပိုစတာ စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်- ပုသိမ် ကားလမ်းမကြီးဘေး ပန်းတနော်မြို့အဝင်ရှေ့တွင် စိုက်ထူခဲ့သည်။

၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဗီနိုင်းပိုစတာအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အဖွဲ့ဝင် (၂) ဦးသိန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ က အမွှေးနံ့သာရေများပက်ဖျန်းပေးခဲ့၍ စိုက်ထူးပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် လူထုအခြေပြု ဗဟိုဌာန (Community Centre) အဆောက်အဦး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)