ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန်(အ.ထ.က)(ခွဲ)ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ချောင်းဆုံ ဖေဖော်ဝါရီ   ၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များအရှေ့တွင် စကားပြောဆိုရာ၌ ရဲဝံ့စွာစကားပြောဆိုနိုင်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀) နာရီက (အ.ထ.က)(ခွဲ)ကရင်ဝင်းစိန်ကျောင်းတွင် လူငယ်စကားဝိုင်းကိုကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးသိန်းဟန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိသူဇာက အသိပညာအတတ်ပညာနှင့်ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူများ၊ လူငယ်/လူရွယ်များလိုအပ်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတာဝန်များကိုဆက်လက် ထမ်းဆောင်ကြမည့် ကျောင်းသား/သူများအချင်းချင်း ရင်းနှီးခင်မင်ပြီး ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ (ပြန်/ဆက်)ဦးစီးအရာရှိဒေါ်မိသူဇာနှင့် (အား/ကာ) ဦးစီးအရာရှိဒေါ်သက်ငုံဖူးတို့က ဦးဆောင်ဆွေးနွေးကာ Grade-10/11 ကျောင်းသား/သူများဖြစ်သည့် မရွှေအိန္ဒြေလင်းက လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဟိန်းဆက်အောင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မထိုက်သူပန်က လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးကို လည်းကောင်း၊ မောင်သန့်ဇင်မျိုးက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်များပြသရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၁၁၀)ဦးကျော် တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)