ပေါင်မြို့နယ်တွင် အသက်(၂)နှစ်​အောက် က​လေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ အား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ပေါင် ဖေဖော်ဝါရီ  ၂

မွန်ပြည်နယ် သထုံမြိုင်ခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက်ရည်ရွယ်၍ မွေးစမှ အသက်(၂) အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ တာဝန်ကျ ဆရာမများက မွေးစမှ အသက် (၂) နှစ်‌  အောက်ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညာ၊ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/ တိုက်ကျွေးခြင်းတို့ကို ​ရပ်ကွက်/​ကျေးရွာများအလိုက် ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)