ပေါင်မြို့နယ်တွင် လူကုန်ကူးမှုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

ပေါင်    ဖေဖော်ဝါရီ   ၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် လူကုန်ကူးမှုအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားသည်။

‌ထို့နောက် အမှတ်(၉)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှုလျော့နည်းပပျောက်စေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကြုံတွေ့ရသည့်ဆိုးကျိုးများ၊ လူကုန်ကူးမှုဥပဒေအသစ်ရေးဆွဲပြဌာန်းခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိစေရန် ရှင်းလင်းပြသမှုများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့အစည်းများတည်ရှိသည့်နေရာများ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)