ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

ပေါင် ဖေဖော်ဝါရီ ၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားသည်။

ထို့နောက် သထုံခရိုင် အမှတ် (၆၂) မူးယစ်တပ်ဖွဲ့စု၊ သထုံမြို့မှ ဒုရဲမှူးတင်ကိုကိုမှ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတွေကို စွဲလန်းကြတယ် အဲဒီစွဲလန်းတဲ့အရာမှာပါတဲ့ အကြောင်းအရာများ၊ မူးယစ်ဆေးဝါးဖြတ်ချင်သူတွေအတွက် အဆင်ပြေသည့်နည်းလမ်းများ၊ သတင်းပေးခဲ့လျှင် အရေးယူဆောင်ရွက်ပေးမည့် အချက်များ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာလျှင် အရေယူဆောင်ရွက်မှုများ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်များ ဖမ်းဆီးရမိလျှင် ‌စီစဉ်ဆောင်ရွက်ပေးထားမှုများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိလျှင် အရေးယူမှုနှင့် ပြစ်ဒဏ်ချမှတ်မှုများ၊ ထိန်းချုပ်မှုများ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ စသည့်အချက်များကို လိုက်နာဆောင်ရွက်ပေးခြင်းစသည့် အကြောင်းအရာများကို အကျယ်တစ်ဝင့်ဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် (Talk Show) ပြုလုပ်ခြင်းဖြင့် ပြည်သူများအသိပညာများ တိုးပွားစေရန် ရည်ရွယ်ပါသည်။

မြို့နယ်(ပြန်/ဆက်)