ကျိုက်မရော၌ ဆရာတော်၊ သံဃာတော်များက အောင်ခြင်းရှစ်ပါးပါဠိနှင့် ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်ရွတ်ဖတ်

ကျိုက်မရော ဇန်နဝါရီ ၂၇

ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းကျေးရွာ မွန်တိုက်ကျောင်းဓမ္မာရုံတွင် ဆရာတော်သံဃာတော်(၉)ပါးက အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်မြတ်နှင့်ပရိတ်ကြီး ၁၁ သုတ်မှ ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်တို့ကို ယနေ့နံနက် ၈ နာရီက ရွတ်ပွားပူဇော်ခဲ့ကြသည်။

အခမ်းအနားတွင် ပိန်းနဲကုန်း ဆရာတော်နာရဒနှင့် သံဃာတော်များ၊ ဝတ်ရွတ်အသင်းများက အပြင်အောင်ခြင်းရှစ်ပါးပါဠိနှင့် ပရိတ်ကြီး ၁၁ သုတ်မှဓဇဂ္ဂသုတ်ကို တစ်ပြိုင်တည်း ရွတ်ဖတ်ပူဇော်ကာ သံဃာတော်များအား လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အမျှပေးဝေကာ “ဗုဒ္ဒ သာသနံ စိရံတိ ဌတု” သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)