ချောင်းဆုံ ဇန်နဝါရီ ၂၇
ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ မီးသတ်စွမ်းရည်ပြည့်ဝစွာ မီးငြှိမ်းသတ်နိုင်ရေး ပြည်သူများ၏လူမှုရေးလုပ်ငန်းများတွင် စေတနာထား လုပ်ငန်းကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့နံနက်(၉)နာရီအချိန်က ချောင်းဆုံမြို့နယ် မီးသတ်စခန်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက သင်တန်းတွင် ပို့ချခဲ့သည့်သင်ခန်းစာများကို ပြည်သူများ အသက်အိုးအိမ်စောင့်ရှောင့်ရာတွင် လက်တွေ့ အ ကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုနည်းစေနိုင်မည်ဖြစ်ကြောင်း သင်တန်းဆင်းပွဲတွင် အမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို (၄)ပတ်ကြာ သင်ကြားပို့ချခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီးရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး တက်ရောက်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)