ပေါင် ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့ မီးသတ်စခန်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက သင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားရာတွင် အရန်မီးသတ်သည်ပြည်သူအတွက် အားကိုးရသည့် မီးသတ်တပ်ဖွဲ့ဝင် ဖြစ်လာသည့်အတွက် ဂုဏ်ယူပါကြောင်း၊ အရန်မီးသတ်အင်အားကို ယခုရှိသည့် အင်အားထက်တိုးပွားလာအောင် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း၊ သင်တန်းက ပို့ချသည့်သင်ခန်းစာများကို လက်တွေ့အသုံးချနိုင်အောင် သင်ယူထားသည့်အတွက် ဝမ်းမြောက် မိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်လွင်က သင်တန်းကိုအောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် သင်တန်းသား(၅၀)ဦးအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် အရန်မီးသတ်သင်တန်းကို ဖွင့်လှစ်ခြင်းဖြင့် သဘာဝဘေးကြုံလာပါက ပြည်သူတို့၏အသက်အိုအိမ်များကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပါသည်။
မြို့နယ် (ပြန်/ဆက်)