ချောင်းဆုံ ဇန်နဝါရီ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိပြီးဖြစ်၍ ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်ရှိစက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ခရိုက်သစ်ကျေးရွာ၊ ရာဇာမင်းစက်သုံးဆီအရောင်းဆိုင်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးနှင့် ဝန်ထမ်းများက မီးဘေးလုံခြုံရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ဆောင်ရွက်ထားရှိရမည့် အချက်များ၊ ဆီလှောင်ကန်များထားရှိရာတွင် စနစ်တကျထားရှိမှု၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံး မီးသတ်ဆေးဗူးများထားရှိမှုအခြေအနေ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ဆီဆိုင်ဝန်ထမ်းများ အလွယ်တကူမီးငြှိမ်းသတ်နိုင်ရန်အတွက် အသိပညာပေးမှုများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ ဆက်)