ပေါင်မြို့နယ်တွင် ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ပြုလုပ်

ပေါင်    ဇန်နဝါရီ   ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show)ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက (Talk Show)ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားသည်။

‌ထို့နောက် ပေါင်မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က ခွေးရူးရောဂါသည်ဗိုင်းရပ်ပိုးကြောင့်ဖြစ်ကြောင်း၊ ခွေးရူးရောဂါဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် သွေးထဲတွင်မနေဘဲဦးနှောက်တွင်သာ ရှာဖွေစမ်းသပ်နိုင်ကြောင်း၊ ခွေးရူးရောဂါကူးစက်ခံရသူသည်  လေတိုက်မခံနိုင်ခြင်း၊ ရေကြောက်ခြင်း၊ သွားရေကျခြင်းစသည့် လက္ခဏာများ၊ ခွေးရူးပြန်ရောဂါမဖြစ်ပွားအောင် ခွေးကိုက်သည်နှင့် နှစ်ဆယ့်လေးနာရီအတွင်း ကာကွယ်ဆေးထိုးလျှင်ခွေးရူးရောဂါမှကာကွယ်နိုင်ကြောင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)